စတုတ္ထအကြိမ်မြောက်နည်းပညာ ထုတ်ကုန်ပြပွဲနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ ထားဝယ်မြို့၌ ကျင်းပ

ထားဝယ်          ၁၄      ဖေဖော်ဝါရီ 

ကွန်ပျူတာအကျိုးပြု၊ ဒေသအကျိုးပြုလုပ်ငန်းဆောင်ရွက်ရာတွင်သတင်းအချက်အလက် နည်းပညာဖြင့် ကူညီပေးနိုင်ရန် ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ ကျောင်းသူများ၏စိတ်ကူးဖြင့် ဖန်တီးထားသောစတုတ္ထအကြိမ်မြောက် နည်းပညာထုတ်ကုန်ပြပွဲ (Software & Hardware  Applications) နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ ကွန်ပျူတာ တက္ကသိုလ်(ထားဝယ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်အေးသန်း၊ နည်းပညာတက္ကသိုလ် (ထားဝယ်) ဒုတိယ ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်လင်းတို့က စတုတ္ထအကြိမ်မြောက် နည်းပညာထုတ်ကုန်ပြပွဲနှင့် သတင်း အချက်အလက်နည်းပညာဆိုင်ရာ ဆွေးနွေးပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ခေတ်တွင်ICT၏အခန်းကသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသောနယ်ပယ်အသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသော အလွန်ရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ကွန်ပျူတာတက္ကသိုလ်တွင်ပြသမည့် နည်းပညာထုတ်ကုန်တွေသည် ICT နည်းပညာကို လူမှုပတ်ဝန်းကျင်တွင် အကျိုးရှိစွာအသုံးချ နိုင်စေရန်ရည်ရွယ်ပြီး ကျောင်းသား/ကျောင်းသူများ၏ စိတ်ကူးကို ရှုထောင့်အမျိုးမျိုးမှ လေ့လာပုံဖော်ထားသော ရလဒ်ဟု သိရသည့်အတွက် မိမိတို့ သင်ကြားဆည်းပူးထားသော ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်ရေးစဉ်းစားတီထွင်ဖန်တီးလိုသော စိတ်ဓာတ်ကို အသိအမှတ် ပြုဂုဏ်ယူပါကြောင်း၊ လောကကောင်းကျိုး တိုးပွားစေရန်အထောက်အကူပြုမည့် ICT အသုံးချဝတ္ထုပစ္စည်းများကို  ထုတ်လုပ်နိုင်မည့်စဉ်းစား တီထွင်ဖန်တီးခြင်းများကိုဇွဲ၊ဝိရိယအခြေခံ၍ တစိုက်မတ်မတ်ဖြင့် ဆက်လက် ကြိုးပမ်း သွားနိုင်ပြီး ဒေသကောင်းကျိုး၊ နိုင်ငံကောင်းကျိုး ဆထက်တိုးသယ်ပိုးကြရန်လိုကြောင်းပြောကြားသည်။

ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်အေးသန်းက ဒေသအကျိုး ပြု Applications များကို ရေးသားအကောင်အထည်ဖော်နိုင်သော ကျောိင်းသား/ကျောင်းသူများ၏ စွမ်းဆောင်ရည်များကို ဖော်ထုတ်ရန်၊ IT Products များထုတ်လုပ်နိုင်သော ကျောင်းသား/ကျောင်းသူများ၏ စိတ်အား ထက်သန်မှုကိုအားပေးမြှင့်တင်ရန် နှင့် ကျောင်းသား/ကျောင်းသူများ၏ အနာဂတ်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်များပြားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဉက္ကဌ ဉီးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး၊ တိုင်းဒေသကြီးဉပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများက ခင်းကျင်းပြသထားသော Software & Hardware  Applications  များကို ကြည့်ရှု့အားပေးခဲ့ကြောင်း    သတင်းရရှိသည်။


(ထားဝယ်ခရိုင်ပြန်/ဆက်)