(၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

ကောလင်း  ၁၃  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ မိုင်ရှည်အပြေးပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲနှင့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဘော်လီဘောဗိုလ်လုပွဲပြိုင်ပွဲတွင် ကုက္ကိုကုန်းကျေးရွာအသင်းက ကျောက်ပြင်သာအသင်းကို လည်းကောင်း၊ ဖူဆယ်ဘောလုံး ဗိုလ်လုပွဲပြိုင်ပွဲတွင် ကံရာဇာအသင်းက မင်းချမ်း Fc အသင်းကိုလည်းကောင်း အသီးသီး အနိုင်ရရှိခဲ့သည်။

 

မိုင်ရှည်အပြေးပြိုင်ပွဲတွင် ၂၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ကျပ်တစ်သိန်း၊ ဒုတိယဆု ကျပ်ရှစ်သောင်း၊ တတိယဆု ခြောက်သောင်းခွဲ၊ စတုတ္ထဆု ငါးသောင်းနှင့် ပါဝင်ယှဉ်ပြိုင်သူများအားလုံးကို ဆုများချီးမြှင့်ခဲ့သည်။ မြန်မာ့ရိုးရာပြိုင်ပွဲတွင် အဆိုင်း ၃ ဆိုင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ပြန်/ဆက်)