လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးသွန်းရုပ်တု မြို့သစ်မြို့ လွတ်လပ်ရေးပန်းခြံဝင်းအတွင်း စိုက်ထူ

မြို့သစ် ၂၁ ဇန်နဝါရီ

မကွေးခရိုင်၊ မြို့သစ်မြို့ လွတ်လပ်ရေးပန်းခြံဝင်းအတွင်း မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံတူကြေးသွန်းရုပ်တုကို ဇန်နဝါရီ ၂၀ ရက် ည ၈ နာရီက စတင်စိုက်ထူခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ပုံတူ ကြေးသွန်းရုပ်တုကို ဇန်နဝါရီ ၁၉ ရက် ညက မန္တလေးမြို့မှ ကျောက်ပန်းတောင်းမြို့၊ ချောက်မြို့၊ ရေနံချောင်းမြို့မှ မကွေး နတ်မောက်မြို့များကို ဖြတ်ကျော်လှည့်လည်ကာ သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ရုပ်တု၏ အောက်ခံခုံသည် ပိရမစ်ခုံပုံသဏ္ဍာန်ရှိကာ ဗိုလ်ချုပ်ကြေးရုပ်တု၏ အမြင့်မှာ ၉ ပေ ၈ လက်မရှိကြောင်း၊ တန်ဖိုးအနေဖြင့် ကျပ်သိန်း ၁၂၀ ခန့်ရှိပြီး ဖွင့်ပွဲအခမ်းအနားကို ဗိုလ်ချုပ်ဆောင်ဆန်း မွေးနေ့ဖြစ်သည့် ဖေဖေါ်ဝါရီ ၁၃ ရက်တွင် ကျင်းပမှာဖြစ်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)