ဧရာဝတီမြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး စံစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၁ ဇန်နဝါရီ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များနှင့် အဖွဲ့အစည်းဆိုင်ရာများကို ပြန်လည်စိစစ်ရန်၊ ဧရာဝတီမြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးစံစနစ် ရေရှည်ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များဖော်ထုတ်ရန် အရင်းအမြစ်များ စီမံခန့်ခွဲရေးနှင့် လုပ်ငန်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် နာရီခွဲတွင် ရန်ကုန်မြို့ရှိ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီမြစ်အတွင်း လုံခြုံစိတ်ချရပြီး၊ အကျိုးရှိစေမည့် (၂၄)နာရီ ရေလမ်းပို့ဆောင်ရေးစနစ် ပီပြင်စွာဖြစ်ပေါ်ရေးအတွက် တိုက်ရိုက်သက်ဆိုင်သော လက်ရှိရေလမ်း ပို့ဆောင်ရေးစနစ် အခြေအနေများကို ခွဲခြမ်းစိတ်ဖြာ၍ သရုပ်ခွဲရန်၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ လူ့စွမ်းအားအရင်းအမြစ်များ၊ အရည်အသွေးများကို ပြန်လည်စိစစ်ရန်၊ ဧရာဝတီမြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များဖော်ထုတ်ရန်၊အရင်းအမြစ်များ စီမံခန့်ခွဲရေးနှင့် လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်အသေးစိတ်ဒီဇိုင်း ရေးဆွဲပေးရန်အတွက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် Resources Management and Operation Plan (RMOP)မှ အဖွဲ့ခေါင်းဆောင်နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးကြပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်က ဧရာဝတီမြစ်ကြောင်း ဖွံ့ဖြိုးရေးအတွက် ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် RMOP အဖွဲ့မှ တာဝန်ရှိသူများက ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးကြ၍ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

မြန်မာနိုင်ငံရှိ သယ်ယူပို့ဆောင်ရေးစနစ် ()မျိုးအနက် ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးစနစ်ကို မြှင့်တင်ရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်းဖွံ့ဖြိုးရေး၊ (၂၄)နာရီ ရေလမ်းသွားလာရေးစနစ်အတွက် နှစ်စဉ်ရရှိသော (ဘဏ္ဍာငွေများ၊ လက်ရှိလူအင်အား၊ ယန္တရားအင်အား) အရင်းအမြစ်များဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ဌာန၏ စွမ်းဆောင်ရည်များမြှင့်တင်ရန်၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍ ပိုမိုတိုးတက်လာစေရန်အတွက် အကြံပေးအဖွဲ့ဖြစ်သည့် Humbers Port Consulting (HPC) မှ ()လတာ အကဲဖြတ်စစ်ဆေးမှုများပြုလုပ်၍ အကြံပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ထွန်း