ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး) နှင့် ဆုံဆို့-မေးခိုင်ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထအကြိမ်)ကို စတင်ထည့်သွင်း တိုက်ကျွေးထိုးနှံပေးမည်

နေပြည်တော် ၂၁ ဇန်နဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး)နှင့် ဆုံဆို့-မေးခိုင်ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထအကြိမ်)ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ရက်မှစတင်၍ ထည့်သွင်းတိုက်ကျွေး ထိုးနှံပေးမည်ဖြစ်သည်။

 

ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ရက်နှင့် နောက်ပိုင်း မွေးဖွားသော ကလေးများကို တိုက်ကျွေးသွားမည်ဖြစ်သည်။ ဆုံဆို့-မေးခိုင်ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထအကြိမ်)ကို ၂၀၁၈ ခုနှစ် ဩဂုတ် ရက်နှင့်နောက်ပိုင်း မွေးဖွား၍ ငါးမျိုးစပ်ကာကွယ်ဆေး ()ကြိမ် ရရှိထားပြီးသော ကလေးများကို ထိုးနှံပေးသွားမည် ဖြစ်သည်။

 

မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်အတိုင်း မပျက်မကွက် သွားရောက်ကာ ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားသည်။

 

MDN