ဒါဗို့စ်အစည်းအဝေးအတွင်းမှာ အီးယူဥက္ကဌ၊ အီရတ်သမ္မတတို့နဲ့ အမေရိကန်သမ္မတ တွေ့ဆုံမယ်

၂၁ ဇန်နဝါရီ

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အီရတ်သမ္မတ ၊ ဥရောပသမဂ္ဂဥက္ကဌနဲ့ပါ တွေ့ဆုံဖို့ရှိတယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ 

 

b63

 

အီရတ်နိုင်ငံ ဘက္ကဒတ်မြို့မှာ အီရန်ကိုလိုလားတဲ့ အီရတ်ဗိုလ်ချုပ်နဲ့အီရန်ဗိုလ်ချုပ်ကြီးတို့အား အမေရိကန်က ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့အတွက် သမ္မတထရန်နဲ့ အီရတ်အာဏာပိုင်တွေကြား တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီတင်းမာမှုတွေပြီးနောက် အီရတ်သမ္မတနဲ့ အမေရိကန်သမ္မတတို့ဟာ ဒါဗို့စ်မှာ ပထမဦးဆုံး တွေ့ဆုံတာဖြစ်ပါတယ်။ 

သမ္မတ ထရန့်ဟာ ဒါဗို့စ်ကို အင်္ဂါနေ့မှာ ရောက်ရှိမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ ဒါဗို့စ်မှာ ရှိနေစဉ် အီးယူဥက္ကဌနဲ့လည်း တွေ့ဆုံဖို့ရှိနေပါတယ်။ အလားတူ ပါကစ္စတန်ဝန်ကြီးချုပ်၊ ဆွစ်ကွန်ဖယ်ဒရေးရှင်း ဥက္ကဌ နဲ့ ကတ်လူမျိုးခေါင်းဆောင်နဲ့ပါ အမေရိကန်သမ္မတက တွေ့ဆုံမယ်လို့ သိရပါတယ်။ 

၂၀၂၀ ခုနှစ် ဒါဗို့စ်မြို့တွင် ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ရာသီဥတု ပြောင်းလဲခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းအရာအပြင် မညီမျှတဲ့ လူမှုအသိုင်းအဝိုင်းကြောင်းတွေကို အဓိကထား ဆွေးနွေးမယ်လို့ သိရပါတယ်။ 

MDN
ကိုးကား - AFP