ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ      

နေပြည်တော် ၂၁ ဇန်နဝါရီ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ထားဝယ်မြို့ ဗျောတောဝရပ်ကွက်၊ မြို့ပတ်လမ်းနေ အောင်သူစိုး (ခ) စီနီ၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

အလားတူ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက မြိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ ပါရမီ(၂)ရပ်ကွက်၊ သစ္စာလမ်း၊ မ/၁၆၄၄ နေ မင်းဇော် (ခ) ဟိန်းဇော်၏ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၂၃ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

MDN
Source: ရဲပြန်ကြား