နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော် ၂၁ ဇန်နဝါရီ 

မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမှတ်(၁၇) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၏ (၉)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီး၌ ကျင်းပခဲ့ပြီး အခမ်းအနားတွင် တပ်ဖွဲ့ခွဲမှူး ယာယီဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့်နှင့် တပ်ဖွဲ့ဝင် ၆၅ ဦးက စုပေါင်းသွေးလှူဒါန်းကြရာ အမှတ်(၁) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် မြင့်တိုးနှင့် တာဝန်ရှိသူများမှ သွေးလှူဒါန်းသည့် အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်များအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။ 

MDN
Source: ရဲပြန်ကြား