လူဦးရေ သန်း၅၀၀ နီးပါးဟာ ကောင်းမွန်တဲ့အလုပ်ကိုင် မရှိကြောင်း ကုလသမဂ္ဂထုတ်ပြန် 

၂၁ ဇန်နဝါရီ

ကမ္ဘာတစ်ဝန်းမှာ လူဦးရေ သန်းပေါင်း ၄၇၀ ကျော်ဟာ အလုပ်လက်မဲ့ သို့မဟုတ် အလုပ်ရှိတယ် ဆိုရုံ အခြေအနေမှာ ရှိနေကြောင်း ကုလသမဂ္ဂက တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပြီး ကောင်းမွန်တဲ့ အလုပ်မရှိခဲ့ရင် လူမှုရေးမငြိမ်သက်မှုတွေဟာ ဖြစ်နိုင်ကြောင်းလည်း သတိပေးလိုက်ပါတယ်။ 

၂၀၁၉ ခုနှစ်က အလုပ်လက်မဲ့အဖြစ် မှတ်ပုံတင်သူ ၁၈၈ သန်းကနေ ၂၀၂၀ခုနှစ် မှာ ၁၉၀.၅ သန်း အထိ ဖြစ်လာနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ တစ်ချိန်တည်းမှာ လူပေါင်း ၂၈၅ သန်းဟာအလုပ်လုပ်နိုင်တဲ့ အချိန်ထက်နည်းပြီး အလုပ်ရတဲ့အတွက် အဲဒီပမာဏကိုလည်း အလုပ်လက်မဲ့လို့ ပြောနိုင်ကြောင်း ILO က ထပ်ဆင့် ရှင်းလင်းထားပါတယ်။  

mdn

 

အလုပ်သမားဈေးကွက်အခြေအနေကနေ လူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်မှုဖြစ်စေနိုင်ကြောင်း လက်ဘနွန်နဲ့ ချီလီနိုင်ငံတွေက ဆန္ဒပြပွဲကြီးတွေကို ရည်ညွှန်းပြီး ဂျီနီဗာရှိ ILO အကြီးအကဲက ပြောပါတယ်။ ILOရဲ့ လူမှုရေးမငြိမ်သက်မှု စံနှုန်းထဲမှာ သပိတ်မှောက်မှုတွေ၊ ဆန္ဒပြပွဲတွေနဲ့လည်း တိုင်းတာလေ့ရှိပါတယ်။ 

ကမ္ဘာ့လုပ်ငန်းခွင်ထဲက လုပ်သားဦးရေ ၆၀ ရာခိုင်နှုန်းကျော်ဟာ သတ်မှတ်လုပ်အားခ မရရှိခြင်း နဲ့ လုပ်ငန်းခွင်အတွင်းမှာ အခြေခံကာကွယ်မှုတွေပါ မရရှိကြောင်း ILO က ကောက်နှုတ်ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့လုပ်သားဦးရေရဲ့ ငါးရာခိုင်နှုန်း (လူသန်းပေါင်း ၆၃၀ ကျော်) ဟာ တစ်နေ့တာသုံးစွဲနိုင်ရေး အတွက်  ၃.၂၀ ဒေါ်လာနီးပါး (ကျပ်ငွေ ၅၀၀၀ အောက်) သာ ရှိတဲ့အတွက် အလုပ်လုပ်ကိုင်ရင်း ဆင်းရဲစွာ နေထိုင်ရတယ် လို့ ILO က ပြောပါတယ်။ 

MDN
ကိုးကား -AFP