မက္ကဆီကိုနိုင်ငံတွင် ၂၀၁၉ ခုနှစ်ဟာ လူသတ်မှုဖြစ်ပွားနှုန်း အမြှင့်ဆုံးနှစ်ဖြစ်လာ

၂၁ ဇန်နဝါရီ

 

မက္ကဆီကိုနိုင်ငံတွင် ၂၀၁၉ခုနှစ်အတွင်း လူပေါင်း ၃၅,၀၀၀ နီးပါး အသတ်ခံခဲ့ရကြောင်း တာဝန်ရှိသူတွေက မနေ့(တနင်္လာနေ့)က နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်လိုက်တဲ့ ပမာဏဟာ ၁၉၉၇ ခုနှစ်က စပြီး ၂၂ နှစ် အတွင်းမှာ အများဆုံးဖြစ်တာကို တွေ့ရပါတယ်။

 

5

 

၂၀၁၈ ခုနှစ်တွင် ၃၃,၇၄၃ ဦးသာ အသတ်ခံခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၃၄,၅၈၂ ဦး ရှိပြီး ဇွန်လ တစ်လတည်းတွင် ၂,၉၉၃ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရုံးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

 

ထုတ်ပြန်ချက်အရ မက္ကဆီကိုနိုင်ငံမှာ တစ်နေ့လျှင် ပျမ်းမျှ လူပေါင်း ၉၅ ဦး အသတ်ခံရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကစပြီး မူးယစ်ဆေးဝါး နှိမ်နင်းရန်အတွက် စစ်အင်အား အသုံးပြုခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ လူပေါင်း ၂၇၅,၀၀၀ နီးပါး အသတ်ခံရတယ်လို့ သိရပါတယ်။

 

6

 

ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ရမယ့် လက်ဝဲဝါဒီ လက်ရှိ သမ္မတ ရဲ့  ပထမတစ်နှစ်တာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြည့်သွားပြီဖြစ်ပေမယ့် မူးယစ်ဆေးဝါးနဲ့ ရာဇဝတ် အဖွဲ့တွေကို နှိမ်နင်းရန် အခက်အခဲနဲ့ ကြုံတွေ့နေရဆဲ ဖြစ်ပါတယ်။

 

MDN

ကိုးကား -AFP