မင်းသားဟယ်ရီ တော်ဝင်အဆောင်အယောင်တွေကို စွန့်ခွာပြီး ကနေဒါနိုင်ငံရှိ မိသားစုဆီကို သွားပြီ

၂၁ ဇန်နဝါရီ

 

ဗြိတိန် တော်ဝင် မင်းသား ဟယ်ရီဟာ သူ့ဇနီးမက်ဂန် နဲ့ သား အာချေးတို့ရှိရာ ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ကို တနင်္လာနေ့ ညနေပိုင်းက လန်ဒန် ဟိသရိုးလေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ အဲ့ဒီခရီးနဲ့ပတ်သက်ပြီး မင်းသားဟယ်ရီဟာ တော်ဝင်အဆောင်အယောင်တွေကို စွန့်လွှတ်ပြီး သာမန်မိသားစု ဘဝကို စတင်ဖို့ ထွက်ခွာသွားတာ ဖြစ်ကြောင်း ဗြိတိန်သတင်းမီဒီယာတွေမှာ ရေးသားထားပါတယ်။

 

+6

 

မင်သားဟယ်ရီဟာ ဗြိတိန်-အာဖရိက ရင်းနှီးမြှပ်နှံရေးဆွေးနွေးပွဲကို တော်ဝင်မိသားစုရဲ့ အလုပ်တာဝန်အဖြစ် မနေ့နံနက်ပိုင်းက နောက်ဆုံးအနေနဲ့ တက်ရောက်ခဲ့ပေမယ့် သူ့အကိုဖြစ်သူ ဝီလျှံ တည်ခင်းတဲ့ အာဖရိက ခေါင်းဆောင်တွေအတွက် ညစာစားပွဲကိုတော့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲ မှာ ထွက်ခွာမယ့် လေယာဉ်ကို စီးနင်းပြီး ကနေဒါနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။ အင်္ဂါနေ့ နံနက်ပိုင်းမှာ မင်းသားဟယ်ရီဟာ သူ့ကိုယ်ပိုင်မိသားစုနဲ့ ပေါင်းစုံမှာဖြစ်ပါတယ်။

 

6

 

ဗြိတိန်ကနေ မထွက်ခွာမီ ဟယ်ရီဟာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ မိနစ် ၂၀ ကြာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

 

၂၀၁၈ ခုနှစ် မေလမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲနောက်ပိုင်း အသက်၃၅ နှစ်အရွယ် မင်းသား ဟယ်ရီနဲ့ သူ့ဇနီး အမေရိကန်သရုပ်ဆောင်ဟောင်းတို့ဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ်ပိုင်အေးချမ်းတဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ရန် တော်ဝင်မိသားရဲ့ တာဝန်တွေကနေ နှုတ်ထွက်ဖို့ကလွဲပြီး ရွေးချယ်စရာလမ်းမရှိလို့ပါ လို့ မင်းသားဟယ်ရီက ပြောပါတယ်။

 

8

 

ဟယ်ရီနဲ့ သူ့ဇနီးတို့ဟာ HRH (his or her royal highness) ဆိုတဲ့ ဂုဏ်ပုဒ်ကို မသုံးစွဲတော့သလို တော်ဝင်မိသားစုတာဝန်ကို မထမ်းဆောင်တော့တဲ့အတွက် ပြည်သူ့ဘဏ္ဍာငွေကိုလည်း သုံးစွဲခွင့်မရှိတော့ဘူး ဖြစ်ပါတယ်။

 

ဟယ်ရီ တို့ဇနီးမောင်နှံက ဝင်ဆာရဲတိုက်အတွင်းက သူတို့ရဲ့ Frogmore Cottage ပြင်ဆင်စရိတ် အမေရိကန်ဒေါ်လာ ၃.၁ သန်းကို ပြန်ပေးရမှာ ဖြစ်ပါတယ်။

 

5

 

MDN

ကိုးကား - AFP