တီးတိန် ၂၁ ဇန်နဝါရီ
ချင်းပြည်နယ် တီးတိန်မြို့တွင် ချင်းပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ကုမ္ပဏီမှ လှူဒါန်းသည့် ဂျပန်နိုင်ငံထုတ် စက်ဘီးအစီး(၁၀ဝ)အား ဇန်နဝါရီ ၂၁ ရက်နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထုတ်ပေးလျက်ရှိသည်။
အဆိုပါ စက်ဘီးများကို မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)များ စုစုပေါင်း (၃၄) ကျောင်းအတွက် ကျောင်းအဆင့်အလိုက် ခွဲဝေထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)