ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်း (Universal Peace Federation-UPF) ဥက္ကဋ္ဌ Dr.Thomas G.Walsh  နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၂၀   ဇန်နဝါရီ 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်း (Universal Peace Federation-UPF) ဥက္ကဋ္ဌ Dr.Thomas G.Walsh နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

‌ေ

 

တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်း (Universal Peace Federation-UPF) တို့ပူးတွဲ၍ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် တတိယအကြိမ် အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

 

‌ေ

 

(သတင်းစဉ်)