ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ/သာမန်) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်  ၂၀   ဇန်နဝါရီ 

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ရန်ကုန်တက္ကသိုလ်ကြက်ခြေနီအသင်းခွဲက ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း (အခြေခံ/သာမန်) သင်တန်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်တက္ကသိုလ်သိပ္ပံခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာ ဥမ္မာကျော်နှင့် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒုတိယရဲမှူးကြီး ကျော်မိုးကြည်(ငြိမ်း)တို့မှ သင်တန်းဆင်းအမှာစကားများပြောကြားသည်။

ယင်းနောက် သင်တန်းတွင်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကာ သင်တန်းဆင်းအောင် လက်မှတ်များအပ်ခဲ့သည်။

ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းသို့သင်တန်းသား သင်တန်းသူ(၄၉)ဦး၊ ရှေးဦး ပြုစုခြင်း(သာမန်)သင်တန်းသို့ သင်တန်းသားသင်တန်းသူ(၁၇)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇန်နဝါရီ(၁၁)ရက်မှဇန်နဝါရီ(၁၉)ရက်အထိ (၈)ရက်ကြာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

သန့်ဇော်