ဂျပန်နိုင်ငံ ခြေစမ်းခရီးစဉ်အတွက် မြန်မာလူငယ်ကစားသမား ၂၅ ဦးရွေးချယ်

၂၀ ဇန်နဝါရီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ၊ MPT နှင့် Myanmar Care တို့ ပူးပေါင်းစီစဉ်သည့် ဂျပန်နိုင်ငံ ဘောလုံးလေ့လာရေး ခြေစမ်းခရီးစဉ် (MFF-MNL's Youth Development Program- Road to Japan 2020) အတွက် မြန်မာလူငယ်ကစားသမား ၂၅ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီသည် နိုင်ငံတစ်ဝှမ်းမှ ရွက်ပုန်းသီး လူငယ်မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်လာရေးအတွက် ပြိုင်ပွဲများကျင်းပပေးလျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၄ ပြိုင်ပွဲနှင့် MFF 100 Plus Cup U-14 ပြိုင်ပွဲမှ အလားအလာရှိသည့် ကစားသမားများကို ရွေးချယ်ထားပြီး ဇန်နဝါရီလပထမပတ်တွင် လူရွေးပွဲများကျင်းပကာ ကစားသမား ၂၅ ဦး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းကစားသမားများသည် ဧပြီနောက်ဆုံးပတ် သို့မဟုတ် မေလ ပထမပတ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ဂျေလိဂ်ပွဲစဉ်များကို ကြည့်ရှုခွင့်ရမည်ဖြစ်သလို ဂျပန်လူငယ်အသင်းများနှင့် ခြေစမ်းပွဲကစားကာ ပူးတွဲလေ့ကျင့်မှုများလည်း ပြုလုပ်မည်ဖြစ်သည်။ ဂျပန်ခရီးစဉ်သို့ လိုက်ပါခွင့်ရခဲ့သည့် ကစားသမားများမှာ ဂိုးသမား - ခွန်အေးချမ်းအောင်၊  သီဟန်ဖြိုး၊ ဖြိုးသုတ၊ နောက်တန်း- စောသိန်းဝင်းအောင်၊ ထွန်းလင်းအောင်၊  အောင်မျိုး၊  ညီညီလင်း၊  ပြည့်ဖြိုးဇော်၊ အောင်မျိုးထက်၊ မြင့်နိုင်၊ ခမ်ဗျက်ထွောင်၊  အလယ်တန်း- ကောင်းခန့်ကျော်၊ လှိုင်ထွဋ်၊ အောင်ဇော်မျိုး၊  ရဲရင့်အောင်၊ ခွန်နေအောင်၊ဟန်ထွန်းဇော်၊  ကျော်မင်းထက်၊ ရှေ့တန်း-သန်းလင်းကို၊ မျိုးသန်းကျော်၊  စောမျိုးဇော်၊ သက်ပိုင်ဖြိုး၊ စောနေဝင်းထွန်း၊ အောင်ကောင်းမြတ်၊နှင့် စောချမ်းမြေ့ကိုကိုတို့ ပါဝင်ကြသည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများကို ပြုစုပျိုးထောင် ပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ယခုအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ