၁၉၄၈ ခုနှစ်တွင် အမျိုးသားတစ်ဦးကို မှားယွင်းစွာ ကြိုးပေးခဲ့ကြောင်း တောင်ကိုရီးယားတရားရုံးပြော

၂၀ ဇန်နဝါရီ


လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က အသက် ၂၉ နှစ်အရွယ် ချောင်ဝမ်ဘောင် ဟာ လက်ဝဲယိမ်း သူပုန်စစ်သား‌တွေကို ကူညီပေးခဲ့တယ်လို့ စွပ်စွဲချက်ဖြင့် ၁၉၄၈ ခုနှစ်မှာ ကြိုးပေးခံခဲ့ရပါတယ်။ သူ့ကို ဖမ်းဆီးပြီး ၂၂ ရက် အတွင်းမှာ ကြိုးပေးသတ်ခဲ့တယ်လို့ သိရပါတယ်။ 

၂၀ဝ၉ ခုနှစ်မှာ ချောင်အပါအဝင် ပြည်သူ ၄၃၈ ဦးကို သူပုန်တပ်ကို ကူညီမှုနဲ့ အသတ်ခံရမှုဟာ မှားယွင်းကြောင်း တွေ့ရှိခဲ့ပါတယ်။ 

ချောင်ရဲ့ သမီးဖြစ်သူက ၂၀၁၃ ခုနှစ်မှာ အမှုကို ပြန်လည်သုံးသပ်ရန် လျှောက်ထားရာ ပြီးခဲ့တဲ့နှစ် မတ်လက ဗဟိုတရားရုံးက ခွင့်ပြုလိုက်ပါတယ်။ 

ဒီကနေ့မှာတော့ ဂွမ်ဇူးပြည်နယ် တရားရုံးကနေ ချောင်ဝမ်ဘောင်ဟာ ပြစ်မှု မကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ချောင်ရဲ့ သမီးဖြစ်သူက သူမရဲ့ဖခင်ဖြစ်သူက မသေသင့်ဘဲ သေခဲ့ရသူဖြစ်တယ်လို့ ဆုံးဖြတ်လိုက်တဲ့အတွက် ပျော်ရွှင်ပါတယ်လို့ သတင်းဌာနတွေကို ပြောပါတယ်။ 

MDN
AFP