နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၌ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ဝင်ခန်းအချို့ရိုက်ကူး

နတ်မောက် ၁၇  ဇန်နဝါရီ

နတ်မောက်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဇာတ်ဝင်ခန်းအချို့ ရိုက်ကူးသည့် ဒါရိုက်တာလူမင်းနှင့် အဖွဲ့များက ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီက နတ်မောက်မြို့ အောင်ဆန်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တွင် ရိုက်ကူးနေကြောင်း သိရသည်။

 

a

 

ဗိုလ်ချုပ်အောင်ဆန်းငယ်စဉ်ဘဝမှစတင်၍ လှုပ်ရှားသွားလာနေထိုင်ခဲ့သော နေရာများ၊ ဗိုလ်ချုပ်အောင်ဆန်း ငယ်ဘဝ ဘုန်းတော်ကြီးကျောင်းဖြစ်သည့် ဒီပင်္ကရာစာသင်တိုက်ရှိ ဘုန်းတော်ကြီး ဦးသောပိတ ကျောင်းတိုက်တွင်လည်း ရိုက်ကူးသွားမည်ဖြစ်ကြောင်းသိရပြီး နတ်မောက် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကလည်း ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်တွင် ရိုက်ကူးရေးအဖွဲ့များအား ကူညီဆောင်ရွက်ပေးနေကြောင်း တွေ့ရသည်။

လှဝင်း(နတ်မောက်)