ကော့သောင်းမြို့ ထိုင်း-မြန်မာနယ်စပ် ဝင်/ထွက်ပေါက်မှ ကမ္ဘာလှည့် ခရီးသွားဧည့်သည် ဝင်ရောက် လည်ပတ်မှု ယခင်နှစ်ထက် ပိုမိုများပြား

ကော့သောင်း  ၁၇   ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာနေမှုနှင့်အတူ အနယ်နယ် အရပ်ရပ်မှ ပြည်တွင်း ဧည့်သည်များအပြင် ကော့သောင်းမြို့ ထိုင်း-မြန်မာနယ်စပ် ဝင်/ထွက်ပေါက်မှ တစ်ဆင့် ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်လည်ပတ်မှုမှာ ယခင်နှစ်ထက်ပိုမို တိုးတက်များပြား လာကြောင်း သိရသည်။

 

85

 

လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလထိအတွင်း ထိုင်းမြန်မာနယ်စပ် ၊ ကော့သောင်းနယ်စပ်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်ဦးရေ ၈၇၄ ဦးနှင့် လုပ်ငန်းကိစ္စဖြင့် ဝင်ရောက်ခဲ့သည့်နိုင်ငံခြားဧည့်သည် ၈၀ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလထိ  အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည်ဦးရေ ၃၀၃၃ ဦးနှင့် လုပ်ငန်းကိစ္စဖြင့်ဝင်ရောက်ခဲ့သည့် နိုင်ငံခြားဧည့်သည် ၆၁ ဦး ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

 

8

 

လာရောက် လည်ပတ်ကြသည့် ပြည်ပခရီးသွားဧည့်သည်များမှာ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံမှတဈဆင့်  ကော့သောင်းမြို့၏ အထင်ကရ သမိုင်းဝင် နေရာများဖြစ်သည့် ယခင်ဗစ်တိုးရီးယားပွိုင့် (ခေါ်) ဘုရင့်နောင်အငူ ၊ ဘုရင့်နောင် မင်းတရားကြီး ရုပ်တုကုန်းမြေ ၊မြို့ကျက်သရေဆောင်ပြည်တော်အေးစေတီတော် ၊၅၅၅ တောင်ဗျူးပွိုင့် ၊ မလိဝမ်းသဘာဝရေတံခွန် ၊ သဘာဝရေပူစမ်းနှင့် ကော့သောင်းမြို့ အနီး  အက်ဒမန်ပင်လယ်အတွင်းရှိ သာယာလှပသည့် သဘာဝအလှမပျက်ယွင်းသေးသည့် ငှက်သိုက်ကျွန်း ညောင်ဦးဖီးကျွန်း၊စေတန်ကျွန်း၊ မြင်းခွာကျွန်း၊ စောင်းကောက်ကျွန်း၊ ကြက်မောက်ကျွန်း(ခ)အသည်းပုံကျွန်း နှင့်ခရင်းခွကျွန်း စသည့်နေရာများသို့ အများဆုံး သွားရောက်လည်ပတ် ကြည့်ရှုလေ့လာအပန်းဖြေကြကြောင်း သိရသည်။  

 

789

    

 

ကျော်စိုး (ကော့သောင်း)

 

74