မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၁၄ ဇန်နဝါရီ 

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဘုရင့်နောင်ရပ်ကွက်ရှိ မြဝတီသတင်းစာတိုက်၏ ဒုတိယအကြိမ်မြောက် မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် အဆိုပါသတင်းစာတိုက်ရှိ ဇေယျသုခဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ ဧည့်ပရိသတ်များက နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂ တောင်သာသနာပြုဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ 

ထို့နောက် ဂိုဏ်းထောက်ကျောင်းဆရာတော် ဘဒ္ဒန္တတိဿက ဝမ်းမြောက်ဖွယ်ရာ ပဋ္ဌာန်း အနုမောဒနာဂါထာကို ရွတ်ဖတ်ပူဇော်ပြီး နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂ တောင်သာသနာပြုဆရာတော်ထံမှ ပဋ္ဌာန်းအကြောင်း သိကောင်းစရာတရားတော်များ အားနာကြားပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

လင်းကြည်လင်း