တရုတ်နိုင်ငံ ဟိုင်နန်တီဗွီမှ ရိုက်ကူးရေးအဖွဲ့ ရန်ကုန်မြို့တွင် သတင်းမှတ်တမ်းရိုက်ကူး

ရန်ကုန် ၂ ဇန်နဝါရီ

 

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်အခြေစိုက် Hainan TV Station မှ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ကန်တော်ကြီးပန်းခြံနှင့် မေတ္တာညွန့်ဘူတာ အနီးတစ်ဝိုက်တွင် အများပြည်သူ လှုပ်ရှားသွားလာနေပုံကို သတင်းမှတ်တမ်း ရိုက်ကူးသည်။ ၎င်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးအကြိုနေ့ကလည်း ရွှေတိဂုံစေတီတော်တွင် အများပြည်သူဘုရားဖူးကြပုံ၊ မြန်မာ့ရိုးရာအစားအစာများ စုပေါင်းချက်ပြုတ်စားသောက်မှုဖြင့် နှစ်သစ်ကူးကြိုဆိုကြပုံများကို ရိုက်ကူးခဲ့သည်။

 

ထိုသို့ရိုက်ကူးထားမှုများကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်အခြေစိုက် Hainan Broadcasting Group- Hainan TV Station ၏ ရုပ်သံလိုင်းတစ်ခုဖြစ်သည့် Sansha Statellite TV (SSTV) Channel မှ One Belt One Road အစီအစဉ်တွင် ဖေဖော်ဝါရီလဆန်းပိုင်း၌ ထုတ်လွှင့်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နီနီဝင်း (FDC)