အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏအနုဿတိအသင်း(မြန်မာနိုင်ငံ)မှ ကြီးမှူးပြီး ၂၀၂၀ ကို မေတ္တာဖြင့် ကြိုဆိုခြင်းနှင့် ISKCON(Myanmar) Food For Life Foundation မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန် ၁၅  ဒီဇင်ဘာ 

အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏအနုဿတိအသင်း(မြန်မာနိုင်ငံ)မှ ကြီးမှူးကျင်းပ သည့် ၂၀၂၀ ကို မေတ္တာဖြင့် ကြိုဆိုခြင်းနှင့် ISKCON(Myanmar) Food For Life Foundation အား မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့ ညပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် ရှိ Pan Pacific Hotel ၌ ကျင်းပသည်။

 

ေ

 

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးမစ္စတာဆော်ရက်(ဘ်)ကူမား၊ ဟိန္ဒူဘာသာရေး ခေါင်းဆောင်များ၊ ဘာသာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဟိန္ဒူဘာသာဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ေ

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏ အနုဿတိအသင်း တည်ထောင်သူ ဆရာတော်ကြီး ရှရီလာပ်ရဘူးပါးဒ်အား ပန်းကုံးဖြင့် ဂါဝရပြုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏအနုဿတိအသင်း(မြန်မာနိုင်ငံ)မှ တာဝန်ရှိသူက ပန်းကုံးချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသူနိုင်ငံသားအားလုံးသည် လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်ရှိပါကြောင်း၊ ဘာသာဝင်တိုင်းသည် သက်ဆိုင်ရာ ဘာသာရေးပွဲတော်များကို အနှစ်သာရရှိရှိ ကျင်းပပြုလုပ်ကြသည့်အတွက် ကောင်းမြတ်သည့် အစဉ်အလာ ဖြစ်ပါကြောင်း၊ ဟိန္ဒူဘာသာသာသနာ၏ အနှစ်သာရဖြစ်သည့် တစ်ဦးနှင့်တစ်ဦး မေတ္တာ သက်ဝင်ချစ်ခင်မှု၊ သနားကြင်နာမှု၊ ကိုယ်ချင်းစာနာညှာတာ ထောက်ထားမှု၊ တရားမျှတမှန်ကန်မှု စသည်များသည် လူမှုဆက်ဆံရေးနယ်ပယ်တွင် အလွန်နက်ရှိုင်းလှသော သွန်သင်မှုများပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ကိုးကွယ်မှု ဘာသာတိုင်းတွင် လက်ခံကျင့်သုံးလျက်ရှိသော မေတ္တာတရားသည်သာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်တည်ဆောက်နိုင်မည်ဟု ခိုင်မာစွာယုံကြည်ပါကြောင်း၊ ဘာသာဝင်အသီးသီးက မေတ္တာတရားကို လေးနက်ယုံကြည်စွာ ကျင့်သုံးရင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ပါစေဟု ဆုတောင်းအပ်ပါကြောင်း  ပြောကြားသည်။

 

ေ

 

ဆက်လက်၍  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက ဆရာတော်ကြီး ရှရီလာပ်ရဘူးပါးဒ် အား ပန်းကုံးဖြင့် ဂါဝရပြုပြီး မေတ္တာစကားပြောကြားသည်။

 

ေ

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏအနုဿတိအသင်း(မြန်မာနိုင်ငံ)မှ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ပန်းကုံးချီးမြှင့်ကြပြီး အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏအနုဿတိအသင်း(မြန်မာနိုင်ငံ)မှ ဦးဆောင်ဆရာတော် H.G Srivasa Pandit Das Prabhu က ISKCON(Myanmar) Food For Life Foundation အကြောင်း ရှင်းလင်းပြောကြားသည်။

(သတင်းစဉ်)