အင်္ဂလိပ်စာ စာလုံးပေါင်းသတ်ပုံစွမ်းရည်ပြိုင်ပွဲ ဖိုင်နယ်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်  ၁၅   ဒီဇင်ဘာ 

နေပြည်တော်၊ ရန်ကုန်နှင့်မန္တလေးမြို့များရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် နိုင်ငံတကာကျောင်းများမှ ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည့် အင်္ဂလိပ်စာ စာလုံးပေါင်းသတ်ပုံစွမ်းရည်ပြိုင်ပွဲ ဖိုင်နယ်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ပိုင်းမှစတင်၍ နေပြည်တော်ရှိ Max Hotel ၌ ကျင်းပသည်။

ဖိုင်နယ်အဆင့်ပြိုင်ပွဲတွင် အသက်(၁၁)နှစ်နှင့်အောက် ကျောင်းသား ကျောင်းသူများ အတွက် အငယ်တန်းအဆင့်ပြိုင်ပွဲနှင့်  အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်း သူများအတွက် အထက်တန်းအဆင့်ပြိုင်ပွဲကို ခွဲခြားထားကြောင်း Mandalay International Science Academy ၏ Academic Coordinator ဦးကျော်မိုးအောင်ကပြောသည်။

 

ေ

 

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် နိုင်ငံတကာကျောင်းများမှ ကျောင်းသား ကျောင်းသူ(၁၀ဝဝ)ကျော်တို့က နိုဝင်ဘာလတွင် ကနဦးစတင်ယှဉ်ပြိုင်ခဲ့ကြပြီး ထူးချွန်စွာ ဖြေဆိုနိုင်သည့် အငယ်တန်းအဆင့်ကျောင်းသားကျောင်းသူ (၂၀)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၂၀)ဦးတို့က ယခုဖိုင်နယ်အဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

ယခုပြိုင်ပွဲကို အင်္ဂလိပ်စာ စာလုံးပေါင်းသတ်ပုံများ တိကျသေချာစွာသိရှိ၍ အသံထွက် မှန်ကန်စေရန်နှင့် နားထောင်မှုစွမ်းရည်ကောင်းမွန်စေရန် စသည့် အင်္ဂလိပ်စာနှင့်ပတ်သက်သည့်ကဏ္ဍများ၌ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်  ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

ေ


မွန်းလွဲပိုင်းတွင် Naypyitaw International Science Academy၏ School Principle Mr. Elshan Bannaevနှင့် တာဝန်ရှိသူများက ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။    

(သတင်းစဉ်)