ကိုရီးယားသမ္မတနိုင်ငံ၏ KOTRA အထောက်အပံ့ဖြင့် ပို့ဆောင်ရေးလုပ်ငန်းများ သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဒီဇင်ဘာ

ကိုရီးယားသမ္မတနိုင်ငံ၏ KOTRA အထောက်အပံ့ဖြင့် ပို့ဆောင်ရေးလုပ်ငန်းများ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ့မီးရထားရုံးချုပ် Sumitomo ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ၌ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့် ကိုရီးယား နိုင်ငံ KOTRA , Soosung Engineering Co., Ltd. မှ Mr.Suksu KIM တို့က ပို့ဆောင်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် အသိပညာဗဟုသုတနှင့် အတွေ့အကြုံကောင်းများ ရရှိရေးအတွက် ရည်ရွယ်ဖွင့်လှစ်သော သင်တန်းတစ်ခုဖြစ်ကြောင်း ပြောကြားကြသည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော်