အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်ပြပွဲ ရန်ကုန်မြို့၌ကျင်းပ

နေပြည်တော် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့၏ ပေါင်းစပ်ညှိနှိုင်းမှု၊ ပေါင်းစည်းလူမှု ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းနှင့် မသန်စွမ်းသူအဖွဲ့အစည်းများ၊ ကျောင်းများ၏ စုပေါင်းပါဝင်မှုတို့ဖြင့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်ပြပွဲ အခမ်းအနားကို ယနေ့ညနေ နာရီတွင် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဗဟိုဌာန၌ ကျင်းပသည်။

အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီများနှင့် မသန်စွမ်းသူအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီး လွှတ်တော် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးသာအောင်က အမှာစကား ပြောကြား၍ အာဆီယံအထောက်အကူပြု ဘက်စုံစီမံချက်(၂၀၂၅)မှ မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပါဝင်ဖော်ဆောင်စေခြင်း အသိပညာပေး ဗွီဒီယိုကိုပြသည်။

ထို့နောက် မသန်စွမ်းသူများ၏ စွမ်းဆောင်ရည်ပြပွဲကျင်းပရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဟန်သူက အခမ်းအနားကျင်းပရခြင်းကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများက အခမ်းအနား ကျင်းပရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်၊

ထို့နောက် လူမှုဝန်ထမ်းဦးဌာနနှင့် မသန်စွမ်းသူများ အဖွဲ့အစည်းများမှ မသန်စွမ်းသူများက အဆို၊ အက၊ အတီးနှင့် စက်ဘီးစီး စွမ်းရည်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - လှမိုး