၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပ

ရန်ကုန် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကော်မတီမှ ကြီးမှူးပြီး ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို ယနေ့ နံနက် နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ IBC (Internation Business centre) ရှိ Grand  Ballroom ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အမှာစကားပြောကြားသည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က ဖတ်ကြားသည်။

ယင်းနောက် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ အဆိုပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စစ်တုရင် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော်ရှိသည့်အနက် ဒသမ သန်းကျော် ( ဒသမ ရာခိုင်နှုန်း)သည် မသန်စွမ်းမှု ခံစားနေကြရသည့် သူများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် စွမ်းဆောင်နိုင်စွမ်းတို့ကို လူ့အဖွဲ့အစည်းအတွင်း သိရှိအလေးထားလာစေရန် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ၁၉၉၄ ခုနှစ်ကစတင်ပြီး နှစ်စဉ် ဒီဇင်ဘာလ ()ရက်နေ့တွင် အစဉ်အလာမပျက် ဂုဏ်ပြုကျင်းပခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင်  (၂၅)ကြိမ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

၁၉၉၂ ခုနှစ်မှစတင်ပြီး နှစ်စဉ် ဒီဇင်ဘာလ ()ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက ဂုဏ်ပြုသတ်မှတ်ထားကြောင်း၊ ယခုနှစ် ၂၀၁၉ ခုနှစ်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားသည့် ဆောင်ပုဒ်သည် “Promoting the Participation of persons with disabilities and their Leadership; taking action on the 2030 development Agenda” ဖြစ်ပြီး၂၀၃၀၊ ဖွံ့ဖြိုးမှုအစီအစဉ်ကို ဖော်ဆောင်ရာတွင် မသန်စွမ်းသူများ၏ ပါဝင်မှုနှင့် ခေါင်းဆောင်မှုကို မြှင့်တင်ပေး ဖို့ဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ/မင်းသစ်(MNA)