ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဆေးပညာကျွမ်းကျင်မှု၊ ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာနအဆောက်အဦ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ဒီဇင်ဘာ

ဆေးပညာကျွမ်းကျင်မှု၊ ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန အဆောက်အဦဖွင့်ပွဲ အခမ်းအနား ဒုတိယပိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ်() ရန်ကုန်၌ကျင်းပသည်။

အခမ်းအနား ဒုတိယပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဤဌာနအဆောက်အဦ ဖွင့်လှစ်နိုင်ခြင်းကြောင့် ဆရာဝန်များသာမက သူနာပြုများ၊ ဆေးနှင့် ဆေးနှီးနွယ် ဘာသာရပ်ဆိုင်ရာ သင်တန်းသားများအတွက် လေ့ကျင့်သင်ကြားမှုပြုရာတွင် ပိုမိုထိရောက် အောင်မြင်လာမည်ဖြစ်ကြောင်း၊ ထို့အပြင် ရောဂါရှာဖွေစမ်းသပ်ကုသပေးသည့် ဓါတ်ခွဲ၊ ဓါတ်မှန်စသည့် စက်ပစ္စည်းကိရိယာများ၏ အခြေခံသဘောတရားများကို လက်တွေ့ကိုင်တွယ် အသုံးပြုသင်ကြားပေးနိုင်မည် ဖြစ်ကြောင်း၊ ကောင်းမွန်သော သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ရှိလာမည့်အပြင် ကျွမ်းကျင်တတ်မြောက်မှုကိုလည်း စစ်ဆေးနိုင်မည်ဖြစ်၍ ဆရာဝန်များ၏ အရည်အချင်း၊ အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် လက်တွေ့ကျွမ်းကျင်မှု အရည်အသွေးများ ပိုမိုမြင့်မားတိုးတက်လာမည် ဖြစ်ကြောင်း၊ မန္တလေးဆေးတက္ကသိုလ်နှင့် အထက်မြန်မာပြည်ရှိ ဆေးနှီးနွယ်တက္ကသိုလ်များအတွက် ယခုကဲ့သို့ ဌာနမျိုးကို မန္တလေး ဆေးတက္ကသိုလ်တွင် တည်ထောင်ဖွင့်လှစ်ရန် လိုအပ်ပြီး မန္တလေးဆေးတက္ကသိုလ် ပါမောက္ခချုပ်မှ ဦးဆောင်၍ စီမံကိန်းအဆိုပြုလွှာ ရေးဆွဲတင်ပြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ဆေးတက္ကသိုလ်()ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်ဇော်ဝေစိုးက သုတေသနအဆောက်အဦကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနအဆောက်အဦအတွက် ဝိုင်းဝန်းကူညီပေးကြပါသော အလှူရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဆေးတက္ကသိုလ်() ရန်ကုန်ရှိ ဆေးပညာ ကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသန အဆောက်အဦကို ဆေးလက်တွေ့ ကုသမှုများအတွက် လိုအပ်သော ကျွမ်းကျင်မှုများကို လေ့ကျင့်သင်ကြားနိုင်ရေး၊ လူနာများ ဘေးကင်လုံခြုံမှု ပိုမိုရရှိရေး၊ နိုင်ငံတကာအဆင့်မီ လေ့ကျင့်သင်ကြားရေးဌာန ပေါ်ပေါက်လာရေး၊ ဆေးပညာဆိုင်ရာကျင့်ဝတ်များ ပညာရှင်ပီသသည့် အရည်အသွေးနှင့် ကျွမ်းကျင်မှုများ၊ လူမှုဆက်ဆံရေးများ၊ အသင်းအဖွဲ့နှင့် ဆောင်ရွက်နိုင်မှုများ လေ့ကျင့်နိုင်ရေး၊ ဆေးနှင့် ဆေးနှီးနွယ် တက္ကသိုလ်များ၏ သုတေသနလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆေးပညာကျွမ်းကျင်မှု ပုံတူပြု လေ့ကျင့်ရေးနှင့် သုတေသန အဆောက်အဦတွင် Non - Technical Skills သင်တန်းအမျိုးအစား မျိုးနှင့် Technical Skill သင်တန်းအမျိုးအစား ၁၆ မျိုးနှင့် ပုံတူပြုလေ့ကျင့်ရေး မျိုးတို့ကို သင်ကြားပို့ချပေးသွားမည့်အပြင် သုတေသနဆိုင်ရာ ဓာတ်ခွဲခန်း ခုပါရှိကြောင်း သိရသည်။

သတင်းစဉ်