နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်း သြစတြေးလျနိုင်ငံ Monash University မှ Senior Lecturer Dr.Lennon Yao Chung Chang နှင့် တွေ့ဆုံ

နေပြည်တော် ၃ ဒီဇင်ဘာ 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအဖွဲ့၀င် ဦးကျော်ဆန်းသည် သြစတြေးလျနိုင်ငံ Monash University မှ Senior Lecturer Dr.Lennon Yao Chung Chang နှင့် ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးပါဝင်သော လေ့လာရေးကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။    

တွေ့ဆုံစဉ် ခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းက မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးသမိုင်း၊ ဥပဒေပြဌာန်းမှုများ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ တရားစီရင်ရေးဆိုင်ရာ မျှတမှုစံနှုန်းများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏အခန်းကဏ္ဍ စသည်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး လေ့လာရေးအဖွဲ့၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားသည်။

သတင်းစဉ်