ရန်ကုန် (သီလဝါ) - ရေနီ - ရန်ကုန် (သီလဝါ) ကွန်တိန်နာရထားပြေးဆွဲရန် စာချုပ်ချုပ်ဆို

နေပြည်တော် ၃ ဒီဇင်ဘာ

ရန်ကုန်(သီလဝါ) - ရေနီ - ရန်ကုန် (သီလဝါ) ကွန်တိန်နာရထားပြေးဆွဲရန် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားနှင့် Best Eternity Recycle Pulp and Paper Co, Ltd တို့ကြား စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ မြန်မာ့မီးရထားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့် Best Eternity Recycle Pulp and Paper Co, Ltd ၏ မန်နေဂျင်းဒါရိုက်တာတို့က နှစ်ဦးသဘောတူ စာချုပ်ချုပ်ကို ချုပ်ဆိုကြသည်။

ယင်းနောက် Best Eternity Recycle Pulp and Paper Co, Ltd တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ 

သန့်ဇော်