မက်ဆီ Ballon d'Or ဆုကို ခြောက်ကြိမ်မြောက်ရရှိ

၃ ဒီဇင်ဘာ

 

ဘာစီလိုနားအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ Ballon d'Or (ရွှေဘောလုံး) ဆုကို ခြောက်ကြိမ်မြောက်ရရှိခဲ့သလို အမေရိကန်အမျိုးသမီးဘောလုံးအသင်းရဲ့ ကြယ်ပွင့် ရက်ပီနို ကလည်း အမျိုးသမီး Ballon d'Or ဆုကို ပထမဦးဆုံးအကြိမ် ရရှိခဲ့ပါတယ်။

 

Ballon d'Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တာဖြစ်ပြီး မနေ့ညနေပိုင်းက ပဲရစ်မြို့မှာ ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားကို မက်ဆီက သူ့မိသားစုနဲ့ အတူတက်ရောက် လက်ခံခဲ့ပါတယ်။

 

အမေရိကန်အမျိုးသမီးဘောလုံးသမား ရက်ပီနိုကအမျိုးသမီး Ballon d'Or ဆုကို ကိုယ်တိုင်လက်ခံရယူခြင်း မရှိခဲ့ပါဘူး။

 

ဆုလက်ခံရယူတဲ့ မက်ဆီက “အခုဆုကို လက်ခံချိန်ဟာ ပထမဦးဆုံးအကြိမ်ကနေကြည့်မယ်ဆိုရင် ၁၀ နှစ်ပြည့်တဲ့နှစ်ဖြစ်ပါ။ အခုလို ဖြတ်သန်းနိုင်မယ်လို့ သူ့အနေနဲ့ တွေးမထားမိဘူး။ ၁၀ နှစ်ကြာတဲ့အခါ ဆုကို ခြောက်ကြိမ်မြောက် လက်ခံချိန်မှာ သူ့မိသားစုဘဝမှာကလည်း ဇနီးနဲ့ ကလေးသုံးယောက်ဖြစ်နေပြီ”လို့ ပြောပါတယ်။

 

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ Ballon d'Or ဆုကို ကမ္ဘာတစ်ဝန်းက သတင်းထောက်တွေက မဲပေးရွေးချယ်တာဖြစ်ပါတယ်။ ၂၀၁၉ အတွက် Ballon d'Or ဆုကို မက်ဆီကရရှိပြီး ဒုတိယဆုကို လီဗာပူးကလပ်အသင်းရဲ့ ခံစစ်မှူး ဗာဂျီရယ် ဗန်ဒိုက် နဲ့ တတိယဆုကို ရော်နယ်ဒိုက ရရှိခဲ့ပါတယ်။

 

Ballon d'Or ဆုကို မက်ဆီက ၂၀ဝ၉၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၅ နဲ့ ၂၀၁၉ ခုနှစ်များတွင် ရရှိခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်လ်ဒိုက (၅)ကြိမ်သာ ရရှိခဲ့ပါတယ်။  မက်ဆီက Ballon d'Or (၆)ကြိမ်ရရှိခဲ့တဲ့အတွက် အကြိမ်အများဆုံးဆုရှင်ဖြစ်သွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP