ကန့်ဘလူမြို့နယ်တွင် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြော

ကန့်ဘလူ  ၉  အောက်တိုဘာ

 

ကန့်ဘလူမြို့နယ်တွင် ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လယ်လှကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် ဆေးရုံအုပ် ဒေါ်သန်းသန်းလတ်က တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ၊ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်တို့ကို ဟောပြောခဲ့သည်။

 

1

 

ထို့နောက် တိုင်းရင်းဆေးပညာ ဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးကုသပေးရာ လယ်လှကျေးရွာ၊ ယောကျေးရွာမှ ဝေဒနာရှင်များ လာရောက်ပြသခဲ့ကြပြီး ခါးနာ၊ အကြောတင်၊ အကြောတက်၊ ကိုယ်လက်ကိုက်ခဲ၊ ချောင်းဆိုး၊ ဒူးနာ၊ လေထိုးလေအောင့်၊ ယားနာ၊ လေဖြတ်ရောဂါ ခံစားနေရသော ဝေဒနာရှင် ၁၂၅ ဦးအား ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းဆေးဝါး ကုသပေးခြင်းကို အနည်းဆုံး တစ်ပတ်လျှင်တစ်ကြိမ် ကုသပေးလျက်ရှိကြောင်း ကန့်ဘလူမြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်သန်းသန်းလတ်က ပြောသည်။

 

အောင်ဝင်းငြိမ်း(ပြန်/ဆက်)

 

1