တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြင့်မောင် ထားဝယ်လေဆိပ်အားကြည့်ရှုစစ်ဆေး

ထားဝယ်     ၇     အောက်တိုဘာ 


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၉ နာရီခွဲ က ထားဝယ်မြို့၊ ၊ ထားဝယ်လေဆိပ်အား ကြည့်ရှုစစ်ဆေးသည်။


ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ က  လေယာဉ်ကွင်း ခြံစည်းရိုးရှိ ခြုံနွယ်များ ရှင်းလင်း ဆောင်ရွက်နေမှုအခြေအနေ၊ လေဆိပ်ဝင်း အတွင်း/ အပြင်သန့်ရှင်းရေးအခြေအနေ၊ ခရီးသည် နားနေ ဆောင် အတွင်းရှိ သန့်စင်ခန်းများအခြေအနေ၊ ခရီးသည်နားနေခန်းအတွင်း အလင်း ရောင်ရရှိမှုအခြေအနေ၊ လေဆိပ်ရှိမီးသတ်ယာဉ် အခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။


 ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ် ဦးမြင့်မောင်က ထားဝယ်လေဆိပ်သည် ပြည်တွင်းခရီးသည်များသာမက ပြည်ပခရီးသည်များပါ ဝင်/ထွက်သွားလာနေပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အရေးပါသည့်နေရာဖြစ်၍ အလေးထားရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ နှင့်ပတ်သက်၍ အခက်အခဲများ၊လိုအပ်ချက်များရှိပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွား ရန်လိုကြောင်း၊ မသန်စွမ်းခရီးသွား ဧည့်သည်များ အဆင်ပြေချောမွေ့စေရန်အတွက် စီစဉ်ဆောင်ရွက် ပေးရန်နှင့် ဆောက်ရွက်ပြီးစီးမှုအခြေအနေအား ပြန်လည်တင်ပြသွားရန်လိုကြောင်း ထားဝယ်လေဆိပ်တာဝန်ခံအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

                                
ကျော်ကျော်လတ်(IPRD)