တတိယအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ဆတ်ကလေးကျေးရွာတွင် ကျင်းပ

ထန်းတပင် ၄  ဇန်နဝါရီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ ဆတ်ကလေးကျေးရွာအုပ်စု၊ ဆတ်ကလေးကျေးရွာ ကျောင်းသားဟောင်းများမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ဇန်နဝါရီ(၄)ရက်နေ့၊ နံနက်(၈)နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း၊ အ.လ.က(ခွဲ) ဆတ်ကလေး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း၊ အ.လ.က(ခွဲ) ဆတ်ကလေးကျောင်းအုပ်ဆရာကြီး ဦးသောင်းထွန်း၊ ရပ်မိရပ်ဖ ဦးကျော်ဌေးတို့က နှုတ်ခွန်းဆက်အဖွင့်အမှာစကားများပြောကြားခဲ့ပြီး မြတ်ဆရာ ပူဇော်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးညွန့်ဝင်းက ဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးကိုမမေ့လျော့စေရန်၊ နောင်မျိုးဆက်သစ်လူငယ်များအတွက်လည်း အစဉ်လာကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံနိုင်စေရန် ရည်ရွယ်ချက်၍ ယခုလိုမြတ်ဆရာပူဇော်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

၎င်းနောက် မြတ်ဆရာပူဇော်ပွဲသို့ တက်ရောက်လာကြသော ကျောင်းသားဟောင်းများနှင့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများက ဆရာကြီး၊ ဆရာမကြီး(၄)ဦးတို့အား သြကာဿကန်တောချိုးဖြင့် ကန်တော့ခဲ့ကြပြီး ပူဇော်ကန်တော့ငွေကျပ်(၁)သိန်းစီနှင့် ကန်တော့ခံပစ္စည်းများဖြင့် ဂါရဝပြုပူဇော်ကန်တော့ခဲ့ကြသည်။

 

ထို့နောက် ဆရာကြီး ဦးခင်လှိုင်နှင့် ဆရာမကြီး ဒေါ်စန်းရီတို့က ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ပြီး ဂါရဝပြုကန်တော့ခဲ့ကြသော ကျောင်းသားဟောင်းများကိုယ်စား ဒေါ်ခင်နွယ်ဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇင်မင်းထိုက်(ထန်းတပင်)

 

DSC08478.JPG