၂၀၁၉ ခုနှစ်၊ တောင်နှင့် အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ကျင်းပမည်

နေပြည်တော် ၈ မေ 
    

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သည် ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာကုန်စည်ပြပွဲများကို သွားရောက်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
    

 

“၂၀၁၉ ခုနှစ်၊ တောင်နှင့် အရှေ့တောင်အာရှကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် (The 2019 South & Southeast Asia Commodity Expo and Investment Fair” ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ တျန်းချီအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းစင်တာ (Kunming Dianchi International Convention and Exhibition Center တွင် ဇွန် ၁၂ ရက် မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ တရုတ်ပြပွဲကော်မတီဘက်မှ ပြခန်း (၆၆)ခန်းကို မြန်မာနိုင်ငံအတွက် ပါဝင်ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်သဖြင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
    

 

ပြပွဲနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ နေပြည်တော်ဖုန်း၊ ဝ၆၇-၄၃၀၄၄၆/ ၄၃၀၄၄၇ ဖက်(စ်) ဝ၆၇-၄၃၀၁၂၈၊ Email: [email protected] နှင့် မြန်မာကုန်သွယ်မှုဗဟိုဌာန (ရန်ကုန်) ဖုန်း ဝ၁-၂၅၄၀၂၄၊ Email: [email protected] တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။ 

 


(သတင်းစဉ်)