စလင်းမြို့နယ်၌ နွေနှမ်းနက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၊ အထွက်နှုန်းကောင်းမွန်ရန် မျှော်လင့်

စလင်း ၈ မေ


မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ မိုးဝန်းကျေးရွာအုပ်စု၌ နွေရာသီတွင် နှမ်းနက်ကို မုန်းဆည်တမံမှ ရေကို ဆင်ဖြူကျွန်း လက်တံမြောင်းနှင့် လင်းဇင်းရေလွှဲဆည်များမှတစ်ဆင့် ရေသွင်းစိုက်ပျိုးခဲ့ရာ ယခုအခါတွင် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


နှမ်းနက်ဈေးနှုန်းမှာ ယခင်နှစ်က တစ်တင်းလျှင် ၅၀ဝ၀ဝ ကျပ် ဈေးပေါက်ခဲ့ပြီး ယခုနှစ်တွင် ၇၀ဝ၀ဝ ကျပ် ဈေးပေါက်လျက်ရှိရာ ဈေးကောင်းရချိန်တွင် နှမ်းနက်အထွက်နှုန်း ကောင်းမွန်စေရန် နှမ်းနက်စိုက်ပျိုးသူ တောင်သူများ မျှော်လင့်လျက်ရှိကြသည်။


နှမ်းနက်မှာ တစ်ဧကလျှင် ၉ တင်းမှ ၁၅ တင်းအထိ ထွက်ရှိကြောင်း ဒေသခံနှမ်းနက်စိုက် တောင်သူများထံမှ သိရသည်။


သန်းမြင့်(ပြန်/ဆက်)

 

1