မီးလောင်ပျက်စီးခဲ့သည့် နေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့လှူဒါန်း

သံတွဲ ဇန်နဝါရီ ၁၅

သံတွဲမြို့ အောက်နန်းချောင်းကျေးရွာရှိ မီးလောင်ပျက်စီးခဲ့သည့် နေအိမ်(၈)လုံးနှင့် အိမ်ထောင်စု (၈)စုရှိ လူဦးရေ (၃၄)ဦးအတွက် သံတွဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့လှူဒါန်းခြင်းကို ဇန်နဝါရီ ၁၄ ရက်က အဆိုပါမိသားစုများထံ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့ထောက်ပံ့ရာတွင် သံတွဲခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ မီးလောင်ပျက်စီးခဲ့သည့် နေအိမ် (၈)လုံးအတွက် တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုး ကျပ်တစ်သိန်းနှုန်းဖြင့် ရှစ်သိန်းကျပ် ၈၀၀၀၀ဝ နှင့် အိမ်ထောင်စု(၈)စုရှိ လူဦးရေ (၃၄)ဦးအတွက် ရိက္ခာ (၇)ရက်စာဖိုး ကျပ် ၇၁၄၀ဝ အပြင် အိုးခွက်၊ ပန်းကန်၊ ခြင်ထောင်၊ အဝတ်အထည်၊ ကန်စတစ်စနှင့် ဆီဘူးများပါသည့် Family Kit တစ်လုံးစီတို့ကို ဒုတိယဦးစီးမှူး ဦးစိုးပိုင်နှင့် တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့်အတူ မီးဘေးသင့် အိမ်ထောင်စုများထံသို့ ထောက်ပံ့လှူဒါန်းခဲ့သည်။

ခရိုင်(ပြန်/ဆက်)