လပွတ္တာမြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦးသစ် ဖွင့်လှစ်

လပွတ္တာ၊ ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ (၃)မိုင်မြို့သစ်တွင် ယနေ့ နံနက် ၉ နာရီခွဲက တိုင်းဒေသကြီး မူလရန်ပုံငွေနှင့် တည်ဆောက်ပြီးစီးခဲ့သော မြို့နယ် ဥပဒေရုံးသစ်နှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့က မြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဝန်ကြီးချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ဒုတိယရှေ့နေချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပတ်ဖျန်းပေးကြသည်။ 

မြို့နယ်ရုံး အဆောက်အဦသစ်သည် (၃)မိုင်မြို့၊ ပိတောက်လမ်းပေါ်တွင် တည်ရှိပြီး အလျား ၈၄ ပေ၊ အနံ ၄၃ ပေ၊ အမြင့် ၁၂ ပေ တစ်ထပ်တိုက်အဖြစ် ကျပ် ၁၁၀၄၀၃၀၀၀ အကုန်အကျခံ ဆောက်လုပ်ခဲ့ကာ ဝန်ထမ်းအိမ်ရာသည် အလျား ၅၂ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၂ ပေရှိ ကုန်ကျငွေ ကျပ် ၉၅၄၀၄၀၀ ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့ (၂)မိုင် စိုက်ပျိုးရေးစခန်းတွင် နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

လပွတ္တာ ခရိုင်(ပြန်/ဆက်)