သီပေါမြို့နယ်တွင် အကျဉ်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

သီပေါ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်ရှိ အကျဉ်းသားများအား ဇန်နဝါရီ ၁၄ ရက် မွန်းလွှပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် သီပေါအကျဉ်းထောင်ရှိ အကျဉ်းသားများအနက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ အကျဉ်းသားစုစုပေါင်း (၂၃)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အကျဉ်းဦးစီးဌာနမှ ထောင်ပိုင်ကြီး၏ကြီးကြပ်မှုဖြင့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ခင်လေး (သီပေါ ပြန်/ဆက်)