ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ညောင်တုန်း ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမ‌‌လောက်ကျေးရွာအုပ်စု၊ ဆားမလောက်(အလယ်ပိုင်း) ကျေးရွာတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် ဇန်နဝါရီ ၁၄ ရက်က မြစ်ကမ်းပါပြိုကျမှု ဖြစ်ပွားခဲ့သည်။

အဆိုပါမြစ်ရေတိုက်စားမှုကြောင့် ကမ်းခြေမှ အလျား ပေ (၁၀၀)၊ အနံ (၁၅)ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ပြီး အနန္ဒဂုဏ်ရောင် ရွာလယ် ပရိယတ္တိ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ အလံပြ ၉ တောင်ပြည့်စေတီ၏ အောက်ခြေမြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)