ဗန်းမောက်မြို့နယ် ကံရွာကျေးရွာတွင် တိုးချဲ့လျှပ်စစ်မီးကြိုး သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး

ဗန်းမောက် ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ကတူးတိုင်းရင်းသားများနေထိုင်ရာ ကံရွာကျေးရွာတွင် ဇန်နဝါရီ ၇ ရက်မှစ၍ တိုးချဲ့လျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြီးစီးသွားပြီဖြစ်သည်။

ကံရွာကျေးရွာတွင် အိမ်ထောင်စုခွဲဆင်းကြသော နေအိမ်များနှင့် လမ်းအတွင်း လျှပ်စစ်မီးများ အလင်းရောင်ရရှိစေရန်အတွက် ကံရွာအုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ရွှေသတ္တုတူးဖေါ်ရေး လုပ်ငန်းရှင်များ၏ လှူဒါန်းငွေများနှင့် ကျေးရွာရန်ပုံငွေများဖြင့် ကွန်ကရစ်မီးတိုင် (၉)လုံး၊ လျှပ်စစ်ကေဘယ်လ် မီးကြိုး A BC95 အရှည်(၁၃၀၀)ပေ၊ ကေဘယ်လ်မီးကြိုး ABC35 အရှည်(၄)ပင်နှင့် ဆက်စပ်ပစ္စည်းများဖြစ်သော လျှပ်စစ်မီးလုံးများအား ကျပ်သိန်း(၄၆၈၀၀၀၀) အကုန်အကျခံကာ မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများက တပ်ဆင်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုးချဲ့ရပ်ကွက်ရှိ နေအိမ်များနှင့် လမ်းများကို လျှပ်စစ်မီးတိုင်များနှင့် လျှပ်စစ်မီးလုံးများ တပ်ဆင်ပေးခဲ့ရာ ပြီးစီးသွားပြီဖြစ်၍ မကြာမီ နေအိမ်များနှင့် လမ်းများတွင် လျှပ်စစ်မီးများ ရရှိတော့မည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဘွား(ဗန်းမောက်)