ပြည်ထောင်စုဝန်ကြီးဦးလှမိုး မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ထားဝယ် ဇန်နဝါရီ ၁၄

 

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် ယမန်နေ့ ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်အတွင်း  ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဇဟာကျေးရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု့စစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုကို ကျေနပ်မှုရှိပါ ကြောင်း၊ အဆိုပါလုပ်ငန်းကိုလည်း ယခုထက်ပို၍ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် အတွက် သက်ဆိုင်ရာဦးစီးဌာနများနှင့် ချိတ်ဆက်၍ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆိုပါ မြစိမ်းရောင် စီမံကိန်းသည် ရေရှည်စီမံကိန်းဖြစ်သည့်အတွက် ကော်မတီဝင်များမှ စည်းစည်းလုံးလုံးဖြင့်  ပြည်သူများ နှင့်  ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ရင်းရင်းနှီးနှီးပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဇဟာကျေးရွာ   မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ( ၂၀၁၅-၂၀၁၆)ခု ဘဏ္ဍာရေးနှစ်မှစတင်၍  လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းအမျိုးအစားအလိုက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အနေဖြင့်  စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ  (၃၇)ဦးကို  ငွေကျပ် (၁၈၂) သိန်း၊   မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၁၂)ဦးကို ငွေကျပ် (၈၂)သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၂၄)ဦးကို ငွေကျပ် (၁၂၅) သိန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၅)ဦးကို ငွေကျပ် (၃၄)သိန်းဖြင့် ဆောင်ရွက် လျက်ရှိရာ စုစုပေါင်း လူဦးရေ(၇၈)ဦး  ငွေကျပ် (၄၂၃)သိန်းဖြင့် လည်ပတ်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ဇဟာကျေးရွာသည် ၂၀၁၈-၁၉ခုဘဏ္ဍာရေးနှစ်၌ စီမံကိန်းကာလ (၃)နှစ်ပြည့်သည့်အတွက် ဇဟာကျေးရွာ စွန့်ပစ်အမှိုက်သိမ်းခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

(သတင်းစဉ်)