အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် မြန်မာအသင်း အပြီးသတ်လူရွေးချယ်

ရန်ကုန်   ဇန်နဝါရီ   ၁၃

၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် အပြီးသတ်ကစားသမား ၂၃ ဦး ရွေးချယ်လိုက်ပြီဖြစ်သည်။

မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် ဦးတင်မြင့်အောင်သည် ပဏာမကစားသမား ၂၇ ဦးဖြင့် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အပြီးသတ်ကစားသမား ၂၃ ဦးကို ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ အာရှဖလားပြိုင်ပွဲယှဉ်ပြိုင် မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ် - ဦးတင်မြင့်အောင်၊ လက်ထောက်နည်းပြ - ဦးခင်မောင်ထွေး၊ ဦးဘိုဘိုအောင်၊ ဒေါ်သူဇာထွေး၊ ဂိုးနည်းပြဦးယဉ်မင်းအောင်၊ အသင်းဆရာဝန်- ဒေါက်တာ ယုနန္ဒာထွန်း၊ အကြောကျွမ်းကျင်- ဦးလွင်ဦးကို၊ Media officer- ဦးအောင်သော် ၊ Video Analyst ဦးမြတ်စိုးသူ၊ Security Officer -ဒေါ်ဆုပြည့်စုံအောင်၊ အားကစားသမားများအဖြစ် ဂိုးသမား- မေဇင်နွယ်၊ ဇူလတ်နဒီ၊ ခိုင်ဇာဝင်း၊ နောက်တန်း- အေးအေးမိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ နန့်ဇူးဇူး ထက်၊ အိအိကျော်၊ ခင်သန်းဝေ၊ အလယ်တန်းသင်းသင်းယု၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်းဝင်းဝင်း၊ နော်ထက်ထက်ဝေ၊ ရှေ့တန်း- ဝင်းသိဂီထွန်း၊ စန်းသော်သော်၊ ခင်မိုးဝေ၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ နှင်းပွင့်အေးနှင့် နုနုတို့ ပါဝင်ကြသည်။ မြန်မာ အမျိုးသမီးအသင်းသည် အာရှဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ကစားသမားအများစုပါဝင်လာပြီး လေးဦးသာ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ ကျင်းပမည် ၂၀၂၂ အာရှဖလားအမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက် အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အသင်း စုစုပေါင်း ၁၂ သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အုပ်စု ခွဲဝေထားမှုအရ အုပ်စု (က) တွင် အိမ်ရှင်အိန္ဒိယ၊ တရုတ်၊ တရုတ် (တိုင်ပေ)၊ အီရန်၊ အုပ်စု (ခ) တွင် သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု (ဂ) တွင် လက်ရှိချန်ပီယံဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။

ကိုညီလေး