တွံတေးမြို့နယ်တွင် ပြည်သူများအား စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ဆန်၊ ဆီ၊ ကြက်ဥနှင့် အသားများ ရောင်းချပေးလျက်ရှိ

တွံတေး ဒီဇင်ဘာ ၉

 

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက တွံတေးမြို့နယ်တွင် အုန်းပင်စုရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းမကြီးပေါ်ရှိ အ.ထ.က(၁)ကျောင်းရှေ့နှင့် စျေးသစ်ရပ်ကွက်ရှိ မြို့မစည်ပင်သာယာရေးစျေးရှေ့တို့တွင် ဆန်၊ ဆီ သယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်များ၊ အသားရောင်းယာဉ်တို့ဖြင့် မြို့နယ်နေပြည်သူများအား‌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီ၊ အသားများကို ဈေးနှုန်းသင့်တင့်စွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း (၁)ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း (၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ နှုန်းဖြင့်လည်းကောင်း၊ ဆီ ၅၀ သားတစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့် လည်းကောင်း၊ ကြက်ဥ ၁၀ လုံး တစ်ကဒ်ကို ၁၃၀၀ ကျပ်၊ ဆိတ်သားတစ်​​ပိဿာကို ၁၈၀၀​ကျပ်နှုန်းဖြင့် ပိဿာချိန် (၄၀)၊ အမဲသားတစ်ပိဿာကို ၁၂၀၀၀ ကျပ်ဖြင့် ပိဿာချိန် (၂၀) ရွေ့လျားစျေးကား Mobile Market ဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကိုမျိုး