ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်  အစိုးရစက်မှုလက်မှုသိပ္ပံ(ပြင်ဦးလွင်) ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနတာဝန်ခံများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက အရည်အသွေး ပြည့်ဝသော သင်ကြားသင်ယူမှု ဆိုင်ရာကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စာသင်ခန်း လက်တွေ့ခန်း စက်ပစ္စည်းများ အချိုးမျှတမှုရှိစေရေး၊ စနစ်တကျအသုံးပြုနိုင်ရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
 
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေး ပြီး ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။  

(သတင်းစဉ်)