မိုးရွာသွန်းမှုကြောင့် ကားလမ်းများပျက်စီးပြီး သွားလာရေး အခက်အခဲဖြစ်

ဖောင်းပြင်   ဒီဇင်ဘာ   ၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မိုး သုံးရက်ခန့် ရွာသွန်းခဲ့ပြီး လွင်ကြီးကျေးရွာနှင့် ခမိုင်း ကျေးရွာကြား လမ်းများပေါ် ရွှံ့နွံများဖြစ်ပေါ်ကာ ခရီးသည်တင်ကားများ သွားလာမှုအခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။

 

အဆိုပါလမ်းသည် မုံရွာ၊ မန္တလေး၊ ပင်လည်ဘူး၊ ဖောင်းပြင်၊ ဟုမ္မလင်းမြို့တို့သို့ ကုန်စည်တင်ပို့ သွားလာရာတွင် အဓိကလမ်းမကြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ လမ်းများပျက်စီးခြင်းကြောင့် သတ်မှတ်ခရီးချိန် ရောက်ရှိရန် နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ယာဉ်မောင်းသူများထံမှ သိရသည်။

 

ကိုထွန်း(ဖောင်းပြင်)