ဆိပ်ဖြူ အောက်ဆိပ်လျှပ်စစ်မြစ်ရေတင် စနစ်တကျ ဧက ၁၀၀ စပါးစိုက်ခင်းမှ ကုန်ထုတ်လမ်း လေးလမ်းအား အဆင့်မြှင့်တင်

ဆိပ်ဖြူ   ဒီဇင်ဘာ   ၈

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြင်က၀ကျေးရွာအုပ်စု အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်ရှိ စနစ်တကျဧက ၁၀၀ စပါးစိုက်ခင်းရှိ ကုန်ထုတ်လမ်း လေးလမ်းကို လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါကုန်ထုတ်လမ်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၁ -၂၀၂၂ ခုနှစ် ()လ မီနီဘက်ဂျက် ပြည်ထောင်စုအစိုးရအဖွဲ့ ရန်ပုံငွေ ၄၂ ဒဿမ၂၀ သန်းဖြင့်  ယခင်မြေသား ကုန်ထုတ်လမ်း လေးလမ်းအား ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံများ အဆင်ပြေစွာ သယ်ယူ သိမ်းဆည်း ဆောင်ရွက် နိုင်စေရန်အတွက် စုစုပေါင်းလမ်းအရှည် / ဒဿမ မိုင်၊ လမ်းအကျယ် ၁၀ ပေ၊ လမ်းထု ၁ပေ ၉လက်မ၊ ဘောက်ကားဘက် သုံးစီး ဖြင့် မြေသားမြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးမျိုးဝင်း၊ ဦးအောင်ထွန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်တို့က ကွင်းဆင်းကြည့်ရှုကာ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကော်မတီဝင်များနှင့်တွေ့ဆုံ၍   လမ်းအရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ချက်များ ပြည့်စုံစွာဆောင်ရွက်ရန် မှာခဲ့ကြောင်း သိရှိရသည်။

 

ကိုဇွဲ(အညာမြေ)