ချယ်လ်ဆီးကစားသမား အက်ပလီကူတာ ဘာစီလိုနာသို့ ပြောင်းရွှေ့ကစားရန် ဆွေးနွေး

ချယ်လ်ဆီးအသင်း နောက်တန်းကစားသမား အက်ပလီကူတာဟာ ယခု နွေရာသီကာလအတွင်းမှာ စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ကစားဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

နောက်တန်းကစားသမား အက်ပလီကူတာဟာ ၂၀၁၂ ခုနှစ်အတွင်းက မာဆေးလ်အသင်းကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ လက်ရှိ  စာချုပ်သက်တမ်းဟာ ယခုဘောလုံးရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ချယ်လ်ဆီးအသင်းကလည်း လာမယ့်လအတွင်းမှာ စပိန်လာလီဂါကလပ် ဘာစီလိုနာ အသင်းနဲ့ စာချုပ်တစ်ရပ် ကြိုတင်ချုပ်ဆိုနိုင်ရေး အတွက် ခွင့်ပြုပေးသွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ နောက်တန်းကစားသမားဟောင်း ဒန်နီအဲလ်ဗက်စ်ကို ကာလတို စာချုပ် ချုပ်ဆိုကာ ခေါ်ယူထားခဲ့ပေမယ့် ချယ်လ်ဆီးနောက်တန်းကစားသမား အက်ပလီကူတာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပါက ဒန်နီအဲလ်ဗက်စ်ကို စာချုပ်သက်တမ်းတိုးသွားမှာမဟုတ်ဘူးလို့ လည်း သိရပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ နောက်တန်းကစားသမား အက်ပလီကူတာဟာ ယခုနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ် ခုနစ်ပွဲမှာ တစ်ပွဲသာ ပွဲထွက် ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး ခြောက်ပွဲအထိ အရန်ခုံမှာပဲ ထိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အက်ပလီ ကူတာ အနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ကစားဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ငွေကြယ်