အောင်လံမြို့နယ်၌ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံ အလုပ်သမားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

အောင်လံ နိုဝင်ဘာ ၂၈

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ်၌ လူမှုဖူလုံရေးနှင့် အကျုံးဝင် မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံ အလုပ်သမားများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm ဆေးအမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ (၅) ဦးနှုန်း ထိုးနှံနိုင်ပြီး (၂၈) ရက်ပြည့်လျှင် ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ရာ မြို့နယ်လူမှုဖူလုံရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ညိုနှင့် ဝန်ထမ်းများ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် လူမှုဖူလုံရေးနှင့် အကျုံးဝင် မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အာမခံ အလုပ်သမား စုစုပေါင်း (၇၅) ဦးတို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

           

 

မျိုးသိန်း(ပြန်/ဆက်)

 

mdn