ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားသူပေါင်း သန်း ၁၀ ကျော်ရှိလာ

နိုဝင်ဘာ ၂၆

 

ဗြိတိန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုစတင်ဖြစ်ပွားပြီးနောက် ကူးစက်ခံရသူ သန်း ၁၀ ကျော်ရှိလာသည်။ ဥရောပတွင် ဗြိတိန်နိုင်ငံသည် ကူးစက်ဖြစ်ပွားသူ သန်း ၁၀ ကျော်ရှိသည့် ပထမဆုံးနိုင်ငံဖြစ်သည်။

 

ကျန်းမာရေးအာဏာပိုင်များက နိုင်ငံတစ်ဝန်းတွင် ယမန်နေ့ကအထိ ရောဂါကူးစက်ခံရသူပေါင်း ၁၀၀၂၁၄၉၇ ဦးရှိသည်ဟု ဖော်ပြထားသည်။

 

နိုင်ငံအတွင်းနေထိုင်သူ လူဦးရေ ၆၇ သန်းခန့်ရှိသည်။ မကြာသေးမီက နေ့စဉ်ကူးစက်ခံရသူဦးရေ ၄၀၀၀၀ ဝန်းကျင်ဖြင့် ကူးစက်မှုဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

 

ကိုဗစ်-၁၉နှင့်ဆက်စပ်သည့်ကန့်သတ်ချက်များကို ထိုနေရာတွင် ဖယ်ရှားလုနီးပါးဖြစ်သည်။ ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်ရန်မလိုအပ်သကဲ့သို့ ကာကွယ်ဆေးထိုးနှံပြီးကြောင်း လက်မှတ်ပြသရန်လည်း လိုအပ်ခြင်းမရှိပေ။

 

ဗြိတိန်အစိုးရသည် ကိုဗစ်အားဖြည့်ကာကွယ်ဆေးများထိုးနှံရန် အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း ရောဂါကူးစက်မှုတိုက်ဖျက်ရေးအစီအမံများ ထပ်မံလုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး တားမြစ်ထားဆဲဖြစ်သည်။

 

ကာကွယ်ဆေးများထိုးနှံခြင်းသည် လူအများကို အပြင်းအထန်ဖျားနာမှုမဖြစ်ပွားစေရန် ကာကွယ်ပေးသည်ဟု အစိုးရကဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို