မိုင်းရယ်၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

မိုင်းရယ် နိုဝင်ဘာ ၂၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်တွင် နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် “အမျိုးသားနေ့ တို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက မိုင်းရယ်မြို့၊ အ.ထ.က ကျောင်းတွင် ပြုလုပ်သည်။

 

အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကျောင်းသား/သူ (၁၁)ဦး၊ ပန်ချီပြိုင်ပွဲတွင် (၁)ဦး၊ အခြေခံပညာအလယ်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတွင် (၁၉)ဦး၊ ပန်ချီပြိုင်ပွဲတွင်(၅)ဦး၊ အခြေခံပညာ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်ချီပြိုင်ပွဲတွင် (၁၇)ဦးရှိပြီး စုစုပေါင်း ကျောင်းသား/သူ (၅၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

 

ကျော်ဇင်ထိုက်