ပုလောမြို့နယ် ကဒဲကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဒုတိယနေ့ ဆက်လက် ဆောင်ရွက်ပေး

ပုလော နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို နို၀င်ဘာလ ၂၅ ရက် နံနက်ပိုင်းက ကဒဲကျေးရွာအုပ်စု ၌ ဒုတိယနေ့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဒုတိယနေ့ ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပုလောမြို့နယ် လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များ နှင့် အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၉)ဦး၊အသက်(၁၈)နှစ်ပြည့် နိုင် ၆(က)(၁၂)ဦး၊ လဲလှယ်(၆၀)ဦး၊မိတ္တူ(၂၆)ဦး၊စုစုပေါင်း(၁၀၇)ဦးအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ပေးရာတွင် မြို့နယ် လဝက ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကိုဦးက ပန်းခင်းစီမံချက်ဆိုင်ရာ အကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ လက်ကမ်း စာစောင်များကို လည်း အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)